“EXPAND” ဆိုသည်မှာ AYA Bank ၏ Frontiers များဖြစ်ကြသည့် ဘဏ်ခွဲတာဝန်ခံများ (ICs/2ICs) များအနေဖြင့် အကောင်းဆုံးဝန်ဆောင်မှုများပေးနိုင်ရုံသာမက Revenue နှင့် Growth ပိုမိုတိုးပွားလာစေရန် ကြံဆစီမံနိုင်သော Business Managers များအဖြစ်ကို လေ့ကျင့်ပြင်ဆင်ပေးမည့် “Certified Branch Managers Program” အစီအစဥ်ဖြစ်ပါသည်။ “EXPAND” Program သည် နေ့စဥ်ကြုံတွေ့နေရသော စိန်ခေါ်မှုများကြားမှ မိမိတို့ဘဏ်ခွဲ၏ Operations ကို အကောင်းဆုံးဆောင်ရွက်နိုင်မည့်နည်းလမ်းများ၊ ခေါင်းဆောင်မှု နှင့် အုပ်ချုပ်မှုဆိုင်ရာ လုပ်ငန်းဆောင်တာများကို တိုးတက်စေသည့်နည်းလမ်းများကို နည်းစနစ်ကျကျ လေ့လာသင်ယူခြင်းဖြင့် လုပ်ငန်းခွင်တွင်းအထောက်အပံ့ဖြစ်စေ မှာဖြစ်ပါတယ်။ Certified Branch Managers Program ဖြစ်သည့်အတွက် သင်ယူလေ့လာမှုသတ်မှတ်ချက်များဖြင့် ပြည့်မှီပါက AYA x SFU Co-branded Certificate ကိုလက်ခံရရှိမှာဖြစ်ပါတယ်။
သင်ယူလေ့လာရမယ့်ပုံစံမှာ -
၁. Online သင်ခန်းစာများကို ကြိုတင်လေ့လာဖတ်ရှုခြင်း နှင့် သင်ခန်းစာတွင်း Quiz များကို ဖြေဆိုခြင်း၊ Exercises များ Assignment များလုပ်ဆောင်ခြင်း
၂. Zoom Workshops ဆွေးနွေးပွဲများတွင် လက်တွေ့လုပ်ငန်းခွင်မှ Case Scenarios များကို အသုံးပြု၍ Facilitators/Lecturers များ နှင့် သင်တန်းသားများ အတူတကွ ပြန်လည်ဆွေးနွေးလေ့လာသုံးသပ်ခြင်း
Feedback Form များဖြေဆိုခြင်း၊ သင်တန်းသားတစ်ဦးချင်းစီကိုယ်တိုင် တိုးတက်မှုအစီအစဥ်များ (Personal Development Plan) ရေးဆွဲခြင်း ၊ သင်ကြားမှုအစီအစဥ်ပြီးဆုံးပြီး (၃) လကြာသောအခါ လုပ်ငန်းခွင်တွင်းတိုးတက်ပြောင်းလဲလာမှုများကို Division Heads များမှ အကဲဖြတ်သုံးသပ်ပေးခြင်း တို့ဖြစ်ပါတယ်။
သင်တန်းအစီအစဥ်တစ်ခုလုံးအတွက် (Learning Journey) အချိန်ကာလမှာ (၆) လခန့်ကြာမြင့်မှာဖြစ်ပြီး “EXPAND” Program ၏ Online Learning Portal တွင်လေ့လာခြင်း၊ သင်ကြားပို့ချသူများနှင့် Workshop Session များတွင်ဆွေးနွေးဖလှယ်ခြင်းများပြုလုပ်ရမှာ ဖြစ်ပါတယ်။
Online သင်ခန်းစာများ၏ စုစုပေါင်းကြာမြင့်ချိန် (Course Duration) မှာ (၂၅) နာရီခန့်ကြာမြင့်မှာဖြစ်ပြီး သင်ခန်းစာများကို အချိန်မှီပြီးစီးရန်အတွက် တစ်ပတ်လျှင် (၅) နာရီခန့် ၊ တစ်ရက်လျှင်အချိန် (၁) နာရီခန့်ပေးကာ လေ့လာရမှာဖြစ်ပါတယ်။ လေ့လာရန်အတွက် သတ်မှတ်ထားသော Study Schedule များကို L&D ဌာနမှ e-mail ပေးပို့ပေးမှာဖြစ်ပါတယ်။
Zoom Sessions များ၏ စုစုပေါင်းကြာမြင့်ချိန် (Workshop Duration) မှာ (၂၅) နာရီခန့်ဖြစ်ပါသည်။ တက်ရောက်ရန် Invitation ကို e-mail မှတဆင့် လက်ခံရရှိမှာဖြစ်ပါတယ်။
• Online သင်ခန်းစာများကို သတ်မှတ်ထားသော Study Schedule နေ့ရက်များအတွင်း ၁၀၀% ပြီးစီးအောင် လေ့လာရမည်။
• သင်တန်းစာအပိုင်းတစ်ခုစီတွင် ပါဝင်သော Quiz များအားလုံးကို ၁၀၀% ဖြေဆိုပြီးစီးရမည်။ Quiz များ၏ ရမှတ်မှာလည်း ၈၀% နှင့်အထက်ရရှိရမည်။
• Workshop အတန်းများကို မပျက်မကွက်တက်ရောက်ထားရမည်ဖြစ်ပြီး Attendance များတွင် ၁၀၀% ပြည့်ရမည်။
• သင်ယူမှုအစီအစဥ်အဆုံးသတ်တွင် ကောက်ခံမည့် Feedback Form များတွင် ပါဝင်ဖြေဆိုထားရမည်။ လက်တွေ့အသုံးချနိုင်မှု နှင့် မိမိတိုးတက်မှုအစီအစဥ်များ (Personal Development Plan) များကို ပံ့ပိုးပေးထားသော Templates များတွင် ကိုယ်တိုင်ပြင်ဆင်ထားရမည်။
သင်ကြားမှုအစီအစဥ်ပြီးဆုံးပြီး (၃) လကြာသောအခါ လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်ပြောင်းလဲလာမှုများကို Division Heads များမှ အကဲဖြတ်သုံးသပ်ပေးခြင်းရလဒ်များနှင့် အထက်ပါ သင်ယူလေ့လာမှုသတ်မှတ်ချက်များနှင့် ပြည့်မှီပါက Certificate ရရှိမည်ဖြစ်ပါသည်။
၁. Frequently Asked Questions (မေးလေ့မေးထရှိသောမေးခွန်းများ)
၂. Program Guidelines (သင်တန်းအစီအစဥ် လမ်းညွှန်ချက်များ)
၃. User Manual တို့ဖြစ်ပါတယ်။
အဆိုပါ Documents များကို EXPAND Program_Joining Instructions and Guidelines တွင် ဝင်ရောက်ရယူနိုင်ပါသည်။
Computer, Mobile Phone, Tablet စသည့် Device အမျိုးအစားများကို အသုံးပြု၍ Learning Portal ထဲသို့ နေရာမရွေးဝင်ရောက်နိုင်ပါသည်။
Chrome, Mozilla ကဲ့သို့ Web browser များမှ တဆင့် https://ayalms.strategyfirst.edu.mm/
Link ကို ဝင်ရောက်၍လည်းကောင်း (သို့) Mobile Application ဖြင့်ဝင်ရောက်လိုပါက “Moodle App” ကို သက်ဆိုင်ရာ Store များမှ Download ပြုလုပ်၍လည်းကောင်း (Android 4.0 နှင့် အထက်လိုအပ်) ဝင်ရောက်နိုင်ပါသည်။
Moodle App ကို Download ပြုလုပ်ရန်
Google Play Store >
https://play.google.com/store/apps/details?id=com.moodle.moodlemobile
Apple App Store >
https://apps.apple.com/app/moodle-mobile/id633359593
Moodle App APK >
https://download.moodle.org/mobile
အသုံးပြုရန်နည်းလမ်းအဆင့်ဆင့်ကို User Manual တွင်ကိုးကားနိုင်ပါသည်။