Skip to main content

AYA & SFU

English ‎(en)‎
English ‎(en)‎ ဗမာစာ ‎(my)‎
Log in
AYA & SFU
Skip course categories

Course categories

Expand all

"EXPAND" ‌ဖြန့်ကျက် ပြင်ဆင် အောင်ပွဲဝင် (5)



Academic Lecturers & In-house facilitators

U Aung Chit Khin

U Aung Chit Khin

Academic Lecturer
Founder/President, Strategy First Education Group Ltd., MBA (Nottingham) PG Dip M, Dip M (CIM, UK)
Daw Aye Aye Win

Daw Aye Aye Win

Academic Lecturer
M.A (International Business Studies) (Sophia University, Japan), M.Com, B.Com (Hons, YIE), Diploma in English
U Win Thu Aung

U Win Thu Aung

Academic Lecturer
Stanford Certificate in Project Management, B.A Political Science (University of Nevada, USA), Master of Public Administration (University of Illinois, USA)
U Myint Zaw

U Myint Zaw

Chief Executive Officer
Daw Jasmine Thazin Aung

Daw Jasmine Thazin Aung

Managing Director (Corporate Banking)
U Nyein Chan Soe Win

U Nyein Chan Soe Win

Managing Director (Digital Payment)
U Ko Ko Oo

U Ko Ko Oo

Senior Chief Risk & Compliance Officer
Daw May Myat Thu

Daw May Myat Thu

Chief Operating Officer
U Nay Lin Htut

U Nay Lin Htut

Chief Credit Officer
Daw Khin Than Aye

Daw Khin Than Aye

Head of Division 1
U Colin Thura Maung

U Colin Thura Maung

Head of Consumer Banking
Daw Aye Chan Pye

Daw Aye Chan Pye

Head of Product Development
U Kyaw Kyaw Htin

U Kyaw Kyaw Htin

Head of Internal Audit
U Aung Ko Ko Oo

U Aung Ko Ko Oo

Head of Enterprise Risk Management & Compliance
U Toe Lin Nyunt

U Toe Lin Nyunt

Head of Bancassurance
U Ye Naing Htoon

U Ye Naing Htoon

Deputy General Manager
(Credit Department)

EXPAND PROGRAM
Frequently Asked Questions
(မေးလေ့မေးထရှိသော မေးခွန်းများ)

“EXPAND” ဆိုသည်မှာ AYA Bank ၏ Frontiers များဖြစ်ကြသည့် ဘဏ်ခွဲတာဝန်ခံများ (ICs/2ICs) များအနေဖြင့် အကောင်းဆုံးဝန်ဆောင်မှုများပေးနိုင်ရုံသာမက Revenue နှင့် Growth ပိုမိုတိုးပွားလာစေရန် ကြံဆစီမံနိုင်သော Business Managers များအဖြစ်ကို လေ့ကျင့်ပြင်ဆင်ပေးမည့် “Certified Branch Managers Program” အစီအစဥ်ဖြစ်ပါသည်။ “EXPAND” Program သည် နေ့စဥ်ကြုံတွေ့နေရသော စိန်ခေါ်မှုများကြားမှ မိမိတို့ဘဏ်ခွဲ၏ Operations ကို အကောင်းဆုံးဆောင်ရွက်နိုင်မည့်နည်းလမ်းများ၊ ခေါင်းဆောင်မှု နှင့် အုပ်ချုပ်မှုဆိုင်ရာ လုပ်ငန်းဆောင်တာများကို တိုးတက်စေသည့်နည်းလမ်းများကို နည်းစနစ်ကျကျ လေ့လာသင်ယူခြင်းဖြင့် လုပ်ငန်းခွင်တွင်းအထောက်အပံ့ဖြစ်စေ မှာဖြစ်ပါတယ်။ Certified Branch Managers Program ဖြစ်သည့်အတွက် သင်ယူလေ့လာမှုသတ်မှတ်ချက်များဖြင့် ပြည့်မှီပါက AYA x SFU Co-branded Certificate ကိုလက်ခံရရှိမှာဖြစ်ပါတယ်။

သင်ယူလေ့လာရမယ့်ပုံစံမှာ -
၁. Online သင်ခန်းစာများကို ကြိုတင်လေ့လာဖတ်ရှုခြင်း နှင့် သင်ခန်းစာတွင်း Quiz များကို ဖြေဆိုခြင်း၊ Exercises များ Assignment များလုပ်ဆောင်ခြင်း
၂. Zoom Workshops ဆွေးနွေးပွဲများတွင် လက်တွေ့လုပ်ငန်းခွင်မှ Case Scenarios များကို အသုံးပြု၍ Facilitators/Lecturers များ နှင့် သင်တန်းသားများ အတူတကွ ပြန်လည်ဆွေးနွေးလေ့လာသုံးသပ်ခြင်း Feedback Form များဖြေဆိုခြင်း၊ သင်တန်းသားတစ်ဦးချင်းစီကိုယ်တိုင် တိုးတက်မှုအစီအစဥ်များ (Personal Development Plan) ရေးဆွဲခြင်း ၊ သင်ကြားမှုအစီအစဥ်ပြီးဆုံးပြီး (၃) လကြာသောအခါ လုပ်ငန်းခွင်တွင်းတိုးတက်ပြောင်းလဲလာမှုများကို Division Heads များမှ အကဲဖြတ်သုံးသပ်ပေးခြင်း တို့ဖြစ်ပါတယ်။

သင်တန်းအစီအစဥ်တစ်ခုလုံးအတွက် (Learning Journey) အချိန်ကာလမှာ (၆) လခန့်ကြာမြင့်မှာဖြစ်ပြီး “EXPAND” Program ၏ Online Learning Portal တွင်လေ့လာခြင်း၊ သင်ကြားပို့ချသူများနှင့် Workshop Session များတွင်ဆွေးနွေးဖလှယ်ခြင်းများပြုလုပ်ရမှာ ဖြစ်ပါတယ်။

Online သင်ခန်းစာများ၏ စုစုပေါင်းကြာမြင့်ချိန် (Course Duration) မှာ (၂၅) နာရီခန့်ကြာမြင့်မှာဖြစ်ပြီး သင်ခန်းစာများကို အချိန်မှီပြီးစီးရန်အတွက် တစ်ပတ်လျှင် (၅) နာရီခန့် ၊ တစ်ရက်လျှင်အချိန် (၁) နာရီခန့်‌ပေးကာ လေ့လာရမှာဖြစ်ပါတယ်။ လေ့လာရန်အတွက် သတ်မှတ်ထားသော Study Schedule များကို L&D ဌာနမှ e-mail ပေးပို့ပေးမှာဖြစ်ပါတယ်။

Zoom Sessions များ၏ စုစုပေါင်းကြာမြင့်ချိန် (Workshop Duration) မှာ (၂၅) နာရီခန့်ဖြစ်ပါသည်။ တက်ရောက်ရန် Invitation ကို e-mail မှတဆင့် လက်ခံရရှိမှာဖြစ်ပါတယ်။

• Online သင်ခန်းစာများကို သတ်မှတ်ထားသော Study Schedule နေ့ရက်များအတွင်း ၁၀၀% ပြီးစီးအောင် လေ့လာရမည်။
• သင်တန်းစာအပိုင်းတစ်ခုစီတွင် ပါဝင်သော Quiz များအားလုံးကို ၁၀၀% ဖြေဆိုပြီးစီးရမည်။ Quiz များ၏ ရမှတ်မှာလည်း ၈၀% နှင့်အထက်ရရှိရမည်။
• Workshop အတန်းများကို မပျက်မကွက်တက်ရောက်ထားရမည်ဖြစ်ပြီး Attendance များတွင် ၁၀၀% ပြည့်ရမည်။
• သင်ယူမှုအစီအစဥ်အဆုံးသတ်တွင် ကောက်ခံမည့် Feedback Form များတွင် ပါဝင်ဖြေဆိုထားရမည်။ လက်တွေ့အသုံးချနိုင်မှု နှင့် မိမိတိုးတက်မှုအစီအစဥ်များ (Personal Development Plan) များကို ပံ့ပိုးပေးထားသော Templates များတွင် ကိုယ်တိုင်ပြင်ဆင်ထားရမည်။
သင်ကြားမှုအစီအစဥ်ပြီးဆုံးပြီး (၃) လကြာသောအခါ လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်ပြောင်းလဲလာမှုများကို Division Heads များမှ အကဲဖြတ်သုံးသပ်ပေးခြင်းရလဒ်များနှင့် အထက်ပါ သင်ယူလေ့လာမှုသတ်မှတ်ချက်များနှင့် ပြည့်မှီပါက Certificate ရရှိမည်ဖြစ်ပါသည်။

၁. Frequently Asked Questions (‌မေးလေ့မေးထရှိသောမေးခွန်းများ)
၂. Program Guidelines (သင်တန်းအစီအစဥ် လမ်းညွှန်ချက်များ)
၃. User Manual တို့ဖြစ်ပါတယ်။
အဆိုပါ Documents များကို EXPAND Program_Joining Instructions and Guidelines တွင် ဝင်ရောက်ရယူနိုင်ပါသည်။

Computer, Mobile Phone, Tablet စသည့် Device အမျိုးအစားများကို အသုံးပြု၍ Learning Portal ထဲသို့ နေရာမရွေးဝင်ရောက်နိုင်ပါသည်။ Chrome, Mozilla ကဲ့သို့ Web browser များမှ တဆင့် https://ayalms.strategyfirst.edu.mm/ Link ကို ဝင်ရောက်၍လည်းကောင်း (သို့) Mobile Application ဖြင့်ဝင်ရောက်လိုပါက “Moodle App” ကို သက်ဆိုင်ရာ Store များမှ Download ပြုလုပ်၍လည်းကောင်း (Android 4.0 နှင့် အထက်လိုအပ်) ဝင်ရောက်နိုင်ပါသည်။
Moodle App ကို Download ပြုလုပ်ရန်
Google Play Store >
https://play.google.com/store/apps/details?id=com.moodle.moodlemobile
Apple App Store >
https://apps.apple.com/app/moodle-mobile/id633359593
Moodle App APK >
https://download.moodle.org/mobile အသုံးပြုရန်နည်းလမ်းအဆင့်ဆင့်ကို User Manual တွင်ကိုးကားနိုင်ပါသည်။

“EXPAND” Program Learning Portal:
https://ayalms.strategyfirst.edu.mm/
Link ကိုနှိပ်၍ မိမိအတွက် သီးသန့် Username နှင့် Password တို့ကို ဖြည့်သွင်း၍ ဝင်ရောက်လေ့လာနိုင်မည် ဖြစ်ပါသည်။
သင်တန်းသားတစ်ဦးချင်းစီအတွက် သီးသန့် Username နှင့် Password များကို L&D ဌာနမှ e-mail ပေးပို့ပေးမည်ဖြစ်သောကြောင့် မိမိ၏ကိုယ်ပိုင် "ayabank.com" e-mail တွင် စစ်ဆေးရယူနိုင်ပါတယ်။
ဥပမာ - Username: maythetzun@ayabank.com
Password: Abc@12345
မလိုအပ်ပါ။ မိမိ၏ Password များကို မပြောင်းလဲရန် အကြုံပြုပါသည်။ သို့သော် မိမိစိတ်ကြိုက်ထားရှိလိုပါကလည်း အသစ်ပြန်လည်ထားရှိနိုင်ပါသည်။
Password ပြောင်းလဲခဲ့ခြင်းမရှိပါက L&D ဌာနမှ ပေးပို့ခဲ့သော e-mail တွင် Password ကို ပြန်လည်ရှာဖွေနိုင်ပါသည်။
မိမိ၏ Username နှင့် Password ကို အခြားသူများနှင့် မျှဝေသုံးစွဲခြင်းကို ခွင့်မပြုပါ။ သင်ကြားမှုအစီအစဥ်၏ အဆုံးသတ်တွင် သင်ယူလေ့လာမှုသတ်မှတ်ချက်များဖြင့်ပြည့်မီပါက AYA x SFU Co-branded Certificate ထုတ်ပေးမည်ဖြစ်သောကြောင့် မိမိအတွက်သီးသန့် Username ကိုသာ အသုံးပြု၍ ဝင်ရောက်လေ့လာရပါမည်။
ရပါသည်။
မြန်မာစာ၊ အင်္ဂလိပ်စာ ဘာသာ (၂)မျိုးပြောင်းလဲနိုင်ပါသည်။
L&D ဌာနမှ သင်ခန်းစာများ လေ့လာရမည့် အချိန်ဇယားများ ပေးပို့ထားမည်ဖြစ်ပါသောကြောင့် သတ်မှတ်ထားသောနေ့ရက်အတွင်း ပြီးစီးအောင်လေ့လာရပါမည်။
- သင်ခန်းစာ Video များကို ပြီးဆုံးအောင်ကြည့်၍ “Mark as Done” ပြုလုပ်ပေးရပါမည်။
- သင်ခန်းစာတွင် Quiz များ၊ Assignment များပါဝင်ပါက Quiz ဖြေဆိုရန်လမ်းညွှန်ချက်များအတိုင်း ပူးပေါင်းပါဝင်ဖြေဆိုရပါမည်။
- SharePoint Portal Link များ၊ Study Document များပါဝင်ပါက ဝင်ရောက်လေ့လာဖတ်ရှုရပါမည်။
Quiz ဖြေဆိုရန်လမ်းညွှန်ချက်အသေးစိတ်ကို Quiz မဖြေဆိုမီမြင်တွေ့ရမည့် Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ - သင်ခန်းစာများအားလုံးလေ့လာကြည့်ရှုပြီးစီးမှသာ Quiz ဖြေဆိုခွင့်ရမည်ဖြစ်ပါသည်။
- Quiz များကို L&D မှ ပေးပို့မည့် Study Schedule သတ်မှတ်ရက်အတွင်း ဖြေဆိုပြီးစီးရပါမည်။ Quiz ဖြေဆိုနိုင်မည့် Study Schedule သတ်မှတ်နေ့ရက်ထက်ကျော်လွန်သွားပါက Quiz များဖြေဆိုနိုင်တော့မည်မဟုတ်ပါ။
မရပါ။ ဖြေဆိုရန်ကြာချိန်မှာ မိနစ် ၃၀ သာသတ်မှတ်ပေးထားပါသည်။
အများဆုံး (၅) ကြိမ်သာ ဖြေဆိုခွင့်ရှိပါသည်။
Quiz တစ်ခုချင်းစီတိုင်းတွင် ဖြေဆိုမှုရလဒ် (Percentage) ၈၀% အထက် ရရှိမှသာ Certificate ရရှိမှာ ဖြစ်ပါသည်။
ဥပမာ - မေးခွန်း (၂၀) ခုအတွက် အဖြေမှန်မှာ အနည်းဆုံး (၁၆)မှတ်နှင့်အထက် ရရှိရမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ (၈၀) ရာခိုင်နှုန်းအောက်လျော့နည်းနေသော ရလဒ်များအတွက် ပြန်လည်ဖြေဆိုပေးရန် နှင့် မိမိ၏ဖြေဆိုမှုရလဒ်အပေါ် ကျေနပ်အားရမှုမရှိသေးပါကလည်း ပြန်လည်ဖြေဆိုနိုင်ပါသည်။
မိမိ၏ ဖြေဆိုမှုရလဒ်များကို Screen ဘယ်ဘက်ထောင့်ရှိ “Grades” tab မှ “User Report ထဲတွင်ကြည့်ရှုနိုင်ပါသည်။
တက်ရောက်ရန် Invitation ကို Email မှတဆင့် လက်ခံရရှိမှာဖြစ်ပါတယ်။
Invitation Email ထဲတွင် တက်ရောက်ရမည့် အချိန်၊ နေ့ရက်များကို ကြည့်ရှုနိုင်ပါတယ်။
၁. သင်တန်းကာလတစ်လျှောက်တွင် သက်ဆိုင်ရာ Learning Group များအလိုက် Assignments များ၊ Discussion များ ပူးတွဲလုပ်ဆောင်ရမည်ဖြစ်ပါသဖြင့် မိမိကို ဖိတ်ကြားခြင်းခံရသည့် သတ်မှတ်ထားသော Group တွင်သာ တက်ရောက်ပေးပါရန်။
၂. မိမိအတွက် သတ်မှတ်ထားသော အတန်းချိန်အားလုံးကို မပျက်မကွက် တက်ရောက်ပေးပါရန်။
၃. Attendance များကို မဖြစ်မနေဖြည့်သွင်း‌ပေးပါရန်။
၄. တက်ရောက်စဥ်တွင် အခြားသင်တန်းသားများ၊ သင်တန်းဆရာများနှင့်အတူ တက်တက်ကြွကြွပါဝင်ဆွေးနွေးပေးပါရန်။
ကောက်ခံမည်ဖြစ်ပါသည်။
Attendance များကောက်ခံစဥ်က စာရင်းသွင်းထားခြင်းမရှိပါက Absent (ပျက်ကွက်စာရင်း)တွင် ပါသွားမည်ဖြစ်ပါသည်။
၁. အင်တာနက်လိုင်းမကောင်းပါကလည်း ဝင်လို့မရခြင်းဖြစ်နိုင်သောကြောင့် အင်တာနက်လိုင်းပြောင်း၍ သုံးကြည့်ပေးပါရန်။
၂. Browser Error လည်း‌ဖြစ်နိုင်သောကြောင့် Browser ‌‌ပြောင်းသုံးကြည့်ပါရန်။ (Mozilla, Chrome, Internet Explorer etc.)
၃. အသုံးပြုနေသော Device ကြောင့်လည်း‌ဖြစ်နိုင်သောကြောင့် "Shut Down/Restart" လုပ်၍ Site ကို ပြန်ဝင်ကြည့်ပါရန် (သို့) အခြား Device ကိုသုံး၍ ဝင်ကြည့်ပါရန်။
၄. အချိန်ခေတ္တစောင့်ဆိုင်း၍ ပြန်လည်ဝင်ရောက်အသုံးပြုကြည့်ပေးပါရန်။
အထက်ပါအချက်အားလုံးပြုလုပ်ပြီးသော်လည်း Learning Portal ထဲသို့ဝင်လို့မရသေးပါက L&D မှ သက်ဆိုင်ရာ Learning Partners များထံသို့ Microsoft Team Channel မှသော်လည်းကောင်း၊ ဖုန်းဖြင့်လည်းကောင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။
L&D ဌာနမှ ကူညီဖြေကြားပေးရန်အတွက် အဆင်သင့်ရှိနေသောကြောင့် အောက်ပါ Learning Partners များကို ဆက်သွယ်နိုင်ပါတယ်။
• For Division 1 to 4 > U Myo Min Swe
• For Division 5 and 6 > Daw Wai Phyo Han
Phone: 01-379837 | Microsoft Team Channel: Certified Branch Managers Program

AYA & SFU

AYA & SFU

  • Home
  • 01-379837 Ext. 239, 469
  • lndteam@ayabank.com
AYA & SFUPowered by Strategy First University
Data retention summary
Get the mobile app